စာရေးသူ

အားလုံးမြင်နိုင်ရန်
Jennifer Benson Schuldt

ဂျဲနီဖါဘန်စန်ရှော့ထ်

ဂျဲနီဖါဘန်စန်ရှော့ထ် (Jennifer Benson Schuldt)သည် ၁၉၉၇ ခုနှစ်၌ စီဒါဗေးလ် တက္ကသိုလ် (Cedarville University) မှ ဘွဲ့ရခဲ့ပြီး နည်းပညာဆိုင်ရာ စာရေးဆရာအဖြစ် စတင်လုပ်ကိုင်ကာ ကျွမ်းကျွမ်းကျင်ကျင်နှင့် စာပေများရေးသားခဲ့သည်။ ယခုလက်ရှိတွင် ဆရာမသည် Our Daily Bread အတွက် စာမူများရေးသားပေးနေသည်။ ဆရာမနှင့် ခင်ပွန်း ဘော့ (Bob)တို့သည် သားသမီး နှစ်ဦးတို့နှင့် အတူ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့၏ ဆင်ခြေဖုံးဒေသ၌ နေထိုင်ကြပါသည်။ စာမရေးသည့်အချိန်တွင် ဆရာမသည် အိမ်၌သော်လည်းကောင်း၊ အသင်းတော်၌သော်လည်းကောင်း ဆက်ကပ် လုပ်ဆောင်နေလျက်ရှိသည်။ သူမသည် ပန်းချီဆွဲခြင်း၊ ကဗျာစာအုပ် နှင့် ဝတ္ထုစာအုပ်များ ဖတ်ခြင်း၊ မိသားစုနှင့်အတူ အပန်းဖြေလမ်းလျှောက်ထွက်ခြင်းများကို နှစ်သက်သည်။ သူမ၏ အနှစ်သက်ဆုံး သမ္မာကျမ်းစာပိုဒ်များထဲမှ တစ်ပိုဒ်မှာ “အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်းတော်မူသနည်း” (မိက္ခာအနာဂတ္တိကျမ်း ၆:၈) ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျဲနီဖါဘန်စန်ရှော့ထ်

အောင်မြင်ခြင်းနှင့် စွန့်လွှတ်ခြင်း

​ေနွေရာသီသင်တန်းတစ်ခုတွင် ကျွန်မသားသည် ဆွစ်ဇာလန်နိုင်ငံရှိ အယ်လ်ပိုင်း တောင်တန်းကိုတက်ချင်သော လူငယ်လေးတစ်ယောက်အကြောင်း ရေးသားထားသည့် စာအုပ်ကို ဖတ်နေသည်။ ထိုလူငယ်သည် အချိန်တော်တော်များများ‌ပေးပြီး တောင်တက်လေ့ကျင့်ခဲ့သည်။ တောင်စတက်ကြသောအခါ၊ ကိစ္စတိုင်းသည် ထင်ထားသလို မဖြစ်လာခဲ့ပါ။ တောင်တက်ခရီးစဥ် လမ်းတစ်ဝက်တွင် တောင်တက် အဖွဲ့ဝင်တစ်ဉီး ဖျားသဖြင့် ဇာတ်လိုက်လူငယ်သည် သူ၏ရည်မှန်းချက်ကို လက်လျှော့လိုက်ပြီး ဖျားနေသော အဖွဲ့ဝင်ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။

ကျောင်းစာသင်ခန်းတွင် သား၏ဆရာမက “တောင်ဆက်မတက်ခြင်းကြောင့် ၎င်းသည် ဇာတ်ကောင်၏အရှုံးလား”ဟု မေးရာ ကျောင်းသားတစ်ဉီးက “ဟုတ်ပါတယ်၊ သူ့ရဲ့ဗီဇထဲမှာ ရှုံးနိမ့်ဖို့ကို ပါလာတာ”ဟု ဖြေသည်။ သို့သော် အခြားကလေးတစ်ဉီးက ထိုအဆိုကိုသဘောမတူ၊ “ဇာတ်လိုက်ကောင်လေး၏ ရှုံးနိမ့်မှု မဟုတ်ပါ။ တစ်ဉီးတစ်ယောက်ကို ကူညီဖို့ အရေးကြီးသည့်အရာတစ်ခုကို သူလက်လွှတ်လိုက်ခြင်းပါ” ဟု ဖြေခဲ့သည်။

ကျွန်ုပ်တို့၏အစီအစဉ်များကို ဘေးဖယ်ပြီး သူတစ်ပါးအား ဂရုစိုက်ခြင်းသည် ယေရှုခရစ်တော်ကဲ့သို့ အသက်ရှင်ခြင်းဖြစ်သည်။ ခရစ်တော်သည် ဘုရားသခင်၏…

ကျွန်ုပ်ဘာပြောသင့်သလဲ

စာအုပ်အဟောင်းဆိုင်တွင် “C. S. Lewis” (စီအက်စ် လူးဝစ်)ဟု ရေးထားသောစာအုပ်ပုံးကို လှန်လှောကြည့်ရန် ရပ်လိုက်ချိန်တွင် စာအုပ်ဆိုင်ပိုင်ရှင် ရောက်ရှိလာသည်။ ရရှိနိုင်သော စာအုပ်ခေါင်းစဥ်များအကြောင်းပြောရင်း လူးဝစ်၏ အရေးအသားများကို လှုံ့ဆော်ပေးသောယုံကြည်ခြင်းကို ထိုသူစိတ်ဝင်စားမည်လားဟု ကျွန်မအတွေးဝင်လျက် ဘုရားလမ်းပြရန် စိတ်ထဲမှ ဆုတောင်းခဲ့သည်။ ထို့နောက် အတ္ထုပ္ပတ္တိတစ်ခုမှ အချက်အလက်များ ခေါင်းထဲရောက်လာပြီး စီအက်စ် လူးဝစ်၏ စရိုက်သဘောက ဘုရားသခင်အား မည်ကဲ့သို့ပြညွှန်နေသည်ကို ကျွန်မတို့ဆွေးနွေး ဖြစ်ခဲ့သည်။ အဆုံးတွင် အလျင်အမြန်ဆုတောင်းချက်က ကျွန်မတို့၏စကားဝိုင်းကို ဝိညာဥ်ရေးရာအကြောင်းဆီသို့ တည့်မှတ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်မိသည်။

နေဟမိသည် ပါရှားဘုရင် အာတဇေရဇ် မင်းကြီးနှင့် စကားစမြည်ပြောရန် အရေးကြီးသောအခိုက်အတန့် မတိုင်မီ ခေတ္တရပ်လျက် ဆုတောင်းခဲ့သည်။ ယေရုရှလင်မြို့ ဖျက်ဆီးခံရ၍ စိတ်ညှိုးငယ်နေသော နေဟမိအား ဘုရင်က သူမည်သို့ ကူညီနိုင်မည်နည်းဟုမေးသည်။ နေဟမိသည် ဘုရင်၏အစေခံဖြစ်ပြီး တောင်းဆိုမှုပြုရန် အနေအထားမရှိသော်လည်း ကြီးကြီးမားမား တစ်စုံတစ်ရာ တောင်းဆိုစရာရှိသည်။…

အကြီးမြတ်ဆုံးသောဆရာ

ခဲတံကို စားပွဲပေါ်ပစ်ချလိုက်ပြီး "နားကိုမလည်တော့ဘူး" ဟု သမီးက ပြောသည်။ သူမက သင်္ချာအိမ်စာတွက်နေရင်း ကျွန်မလည်း အိမ်၌ စာသင်ပေးသည့် အမေ/ဆရာမ ဖြစ်ရပါတော့သည်။ သင်္ချာတွက်ရင်း ကျွန်မတို့အတော်ဒုက္ခတွေ့ခဲ့သည်။ လွန်ခဲ့သော ၃၅ နှစ်က သင်ခဲ့ရသည့် ဒဿမကိန်းမှအပိုင်းကိန်းသို့ ပြောင်းပုံကို ဘယ်လိုမှ မမှတ်မိနိုင်တော့ပါ။ ကျွန်မ မသိသောအရာကို သင်မပေးနိုင်သဖြင့် အွန်လိုင်းမှ ဆရာမရှင်းပြသည့်တွက်နည်းကိုပင် ကြည့်လိုက်တော့သည်။

လူသားဖြစ်သည့်အလျောက် ကျွန်မတို့သည်လည်း တစ်ချိန်မဟုတ်တစ်ချိန်တွင် မိမိမသိနားမလည်သောအရာများနှင့် ရုန်းကန်ရပါလိမ့်မည်။ ဘုရားရှင်ကမူ ထိုသို့ မဟုတ်ဘဲ အရာခပ်သိမ်းကို သိသူဖြစ်သည်။ ဟေရှာယက "ထာဝရဘုရား၏ ဝိညာဥ်ကို အဘယ်သူစစ်ကြောသနည်း။ ထိုဘုရားနှင့်တိုင်ပင်၍ အဘယ်သူသည် အကြံပေးသနည်း။ အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကိုပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဉာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း" (ဟေရှာ ၄၀:၁၃-၁၄)…

ပျှော်ရွှင်စွာသင်ယူခြင်း

အိန္ဒိယနိုင်ငံ Mysore (မိုင်ဆို)မြို့တွင် မီးရထားတွဲနှစ်တွဲဖြင့် တည်ဆောက်ထားသော ကျောင်းတစ်ကျောင်းရှိသည်။ ဒေသခံကျောင်းဆရာများသည် အနောက်တောင်ပိုင်း ရထားကုမ္ပဏီနှင့် ပူးပေါင်းကာ စွန့်ပစ်ရထားတွဲများကို ဝယ်ယူ၍ ပြန်လည်မွမ်းမံခဲ့သည်။ ရထားတွဲများသည် သတ္တုပုံးကြီးများသာဖြစ်ပြီး ပရိဘောဂများ မတပ်ဆင်မီအထိ ၄င်းတို့ကို အသုံးပြု၍ မရခဲ့ပေ။ ထိုအံ့သြဖွယ် ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုအခါတွင် ကျောင်းသားကျောင်းသူ ၆၀ သည် ကျောင်းတက်နိုင်ပြီဖြစ်သည်။

"စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့" (ရော ၁၂:၂) ဟူသော ရှင်ပေါလု၏အမိန့်ကို ကျွန်မတို့လိုက်နာပါက သာ၍ အံ့ဖွယ်ကောင်းသောအရာ ဖြစ်ပေါ်လာပါသည်။ လောကနှင့် လောကအကျင့်စရိုက်များမှ ဖယ်ထုတ်ပေးရန် သန့်ရှင်းသောဝိညာဥ်တော်ကို အခွင့်ပေးသည့်အခါ ကျွန်မတို့၏ အတွေးအခေါ်နှင့်သဘောထားများ စတင်ပြောင်းလဲလာပြီး၊ ကျွန်မတို့သည် ပို၍ချစ်ခင်ကြင်နာတတ်လာသည်။ ပို၍မျှော်လင့်ချက်ရှိလာသည်။ ငြိမ်သက်ခြင်းနှင့် ပြည့်ဝလာသည် (၈:၆)။

နောက်ထပ်အရာတစ်ခု ဖြစ်ပေါ်သေးသည်။ ဤပြုပြင်ပြောင်းလဲခြင်းဖြစ်စဥ်သည် အစဥ်မပြတ်ဖြစ်ပေါ်နေပြီး ရပ်လိုက်၊ ဆက်သွားလိုက် ဖြစ်နေတတ်သည်။ သို့သော်…

အကောင်းဆုံးသောအနာငြိမ်းစေသူ

ပြင်းထန်သော အစားအသောက်ဓာတ်မတည့်မှု ခံစားရသူ မိသားစုဝင်တစ်ဦးအား ဆေးကုသပေးပြီး ရောဂါသက်သာလာသောအခါ ထိုအကြောင်းကို စိတ်လှုပ်ရှားမှု ဖြင့် ကျွန်မ တစ်ချိန်လုံး ပြောမိသည်။ ကုသမှုဖြစ်စဉ်နှင့်တကွ ထိုကုသမှုအစီအစဉ်ကို တီထွင်ဉီးဆောင်ခဲ့သည့်ဆရာဝန်ကိုလည်း အလွန်အမင်း ချီးကျူးခဲ့သည်။ နောက်ဆုံးတွင် မိတ်ဆွေအချို့က "အနာငြိမ်းခြင်းအတွက် ဘုရားသခင်ကပဲ ဘုန်းအသရေ ခံရသင့်တယ်" ဟုပင် ဝေဖန်ကြသည်။ ထိုအချက်က ကျွန်မကို ခေတ္တရပ်ဆိုင်းစဥ်းစားစေသည်။ အကောင်းဆုံးသော အနာငြိမ်းစေသူကို ကျွန်မ မျက်ခြေပြတ်ပြီး အနာငြိမ်းခြင်းရုပ်ထုကို ထူထောင်မိနေပါသလား။

ဣသရေလနိုင်ငံသည်လည်း သူတို့ကို အနာငြိမ်းပေးရန် ဘုရားရှင်သုံးခဲ့သည့် ကြေးဝါမြွေရုပ်တုရှေ့၌ နံ့သာပေါင်းကို မီးရှို့ခဲ့စဉ်က ထိုထောင်ချောက်သို့ကျခဲ့ သည်။ ဟေဇကိမင်းက ၎င်းကို ရုပ်တုကိုးကွယ်မှုဟု သတ်မှတ်ပြီး "မောရှေ လုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်းဖြတ်"၍ မဖျက်ဆီးချိန်အထိ (၄ ရာ ၁၈:၄) ထိုအစဉ်အလာ ကိုးကွယ်မှုကို ဣသရေလလူတို့ ပြုခဲ့သည်။

ရှေးရာစုနှစ်များစွာက…

ဘုရားသခင်အား ချီးမြှောက်ရန် ရွေးချယ်ခြင်း

Leo Tolstoy (လီယိုတော်စတွိုင်း) ရေးသားသည့် ‘မိသားစုပျော်ရွှင်မှု’ လုံးချင်းဝတ္ထုတိုတွင် အဓိက ဇာတ်ကောင် ဆာဂေးနှင့် မားရှာ တို့သည် မားရှာ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသည့်အရွယ်တွင် တွေ့ဆုံခဲ့ကြသည်။ ဆာဂေး က အသက်ပိုကြီးပြီး မားရှာနေထိုင်သော ကျေးလက်မက လောကကြီးအကြောင်းကို ကောင်းစွာသိကျွမ်းသူ၊ နေရာအနှံ့ နှံ့စပ်သွားလာသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ အချိန်ကြာသော် သူတို့နှစ်ဦးသည် မေတ္တာမျှပြီး ထိမ်းမြားလက်ထပ်ခဲ့ကြသည်။

တောနယ်ဒေသတွင် အခြေချကြသော်လည်း မားရှာ ခမျာ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့သဖြင့် သူ့ကိုချစ်သော ဆာဂေး က စိန့်ပီတာစ်ဘတ် မြို့တော်သို့ သွားရောက် လည်ပတ်စေခဲ့သည်။ မြို့ကြီးပြကြီးတွင် မားရှာ၏ အလှနှင့်ဆွဲဆောင်မှုသည် ပေါ်လွင်ထင်ရှားသွားသည်။ သူတို့ဇနီးမောင်နှံ အိမ်ပြန်ခါနီးတွင် မင်းသားတစ်ပါး သည် သူမကို တွေ့ဆုံရန် ရောက်လာသည်။ ဆာဂေး သည် မားရှာ အား အတင်း အကြပ် ပြန်ခေါ်သွားနိုင်သော်လည်း…

ကျွန်ုပ်တို့၏ပြဿနာများထက် ကြီးမြတ်သော

အသက်ရှင်နေသော ဒိုင်နိုဆော၏အဆင်းသဏ္ဌာန်ကို မည်သို့ထင်မှတ်မိသနည်း။ ဧရာမသွား၊ အကြေးခွံနှင့် အမြီးရှည်ရှိသည့် သတ္တဝါလား။ ပန်းချီဆရာမ Karen Carr (ခယ်ယန်ခါး)က ဤမျိုးတုန်းသွားသည့်သတ္တဝါများကို နံရံဆေးရေးပန်းချီဖြင့် ပြန်လည်ဖန်တီးရေးဆွဲခဲ့သည်။ ပန်းချီကားတစ်ခုမှာ ပေ ၂၀ ကျော် အမြင့်ရှိပြီး ပေ ၆၀ ကျော် ရှည်သောကြောင့် Sam Noble Oklahoma သဘာဝသမိုင်းပြတိုက်၌ ပြသထားနိုင်ရန်အတွက် ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ပင် လိုအပ်ခဲ့သည်။

ဤနံရံဆေးရေးပန်းချီရှေ့ရပ်ပြီး ဒိုင်နိုဆောများကို ကြည့်သောအခါ သိမ်ငယ်စိတ် မခံစားရဘဲမနေ။ အင်အားကြီးသည့် ‘ဗေဟမုတ်’ ဟုခေါ်သည့် သတ္တဝါအကြောင်း ဘုရားသခင်၏နှုတ်ကပတ်တော်၌ ဖတ်ရသည့်အခါ ကျွန်ုပ် လည်း အလားတူခံစားမှုမျိုး ခံစားခဲ့ရသည် (ယောဘ ၄၀:၁၅)။ ဤသတ္တဝါကြီး သည် နွားကဲ့သို့ပင် တမြုံ့မြုံ့နှင့်မြက်စားပြီး သူ့အမြီးမှာ သစ်ပင်ပင်စည်အရွယ် ရှိသည်။ အရိုးများမှာမူ သံပိုက်များကဲ့သို့ဖြစ်၏။ တောင်ကုန်းစားကျက်မြေများပေါ် တရွှေ့ရွေ့ သွားလာပြီး…

တစ်ဖန် ပွင့်လန်းဝေဆာစေ

နေရောင်နှင် ရေလုံလောက်စွာ ရရှိပါက ကယ်လီဖိုးနီးယားပြည်နယ် Antelope ချိုင့်ဝှမ်းနှင့် Figueroa တောင်ပေါ်ဒေသတို့၌ တောပန်းများနှင့် ပန်းကော်ဇောကြီး လွှမ်းသွားသည်။ သို့သော် မိုးခေါင်လျှင် မည်သို့ဖြစ်မည်နည်း။ မိုးခေါင်လျှင် တောပန်းအချို့သည် ၎င်းတို့၏မျိုးစေ့အား မြေဆီကို တိုးထွက်ဖူးပွင့်ရန် အခွင့် မပေးဘဲ မြေအောက်၌ မြောက်များစွာသောမျိုးစေ့များကို သိုထားလိုက်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိခဲ့သည်။ မိုးခေါင်သည့်ကာလလွန်သွားမှ သိုထားသော မျိုးစေ့များ အပင်ပေါက်ကာ တစ်ဖန် ပွင့်လန်းဝေဆာလာတော့သည်။

ရှေးဣသရေလလူတို့သည်လည်း အဲဂုတ္တုပြည်၏ ကြမ်းတမ်းသော အခြေအနေများကြားတွင် ရုန်းကန်ရှင်သန်ခဲ့သည်။ ကျွန်များကို ကြီးကြပ်သည့် အဲဂုတ္တုအအုပ်အချုပ်များက လယ်လုပ်သောအမှုနှင့် အုတ်လုပ်သောအမှုများကို ခဲယဉ်းစွာ စေခိုင်းကြသည်။ ရက်စက်သောသခင်များက ဖာရောမင်းအတွက် မြို့တည်ဆောက်ရန် စေခိုင်းသည်။ အဲဂုတ္တုမင်းသည် ဣသရေလတို့ အင်အား နည်းသွားအောင် မွေးကင်းစကလေးများကို သုတ်သင်သည့်စနစ်ကိုပင် ကြံစည်ခဲ့ သေးသည်။ သို့သော် ၎င်းတို့ကို ဘုရားသခင် စောင့်ထိန်းတည်စေသည့်အတိုင်း ဣသရေလတို့သည်…

တောက်ပသောကြယ်

မျက်စိကိုမှိတ်ပြီး ကျွန်မကြီးပြင်းခဲ့သည့်အိမ်ကို စိတ်ကူးမြင်ယောင်ကြည့်လိုက်သည်။ ကျွန်မအဖေနှင့်အတူ ကြယ်များကြည့်ခဲ့သည်ကို သတိရမိသည်။ အဖေ့အဝေးကြည့်မှန်ပြောင်းဖြင့် တလက်လက် လင်းလက်တောက်ပနေသော အစက်များကို အာရုံစိုက်ပြီး မျက်စိမှေး၍ကြည့်ကြသည်။ အပူနှင့်မီးမှ ထွက်ပေါ် လာသည့် ဤအစက်အပြောက်အလင်းရောင်လေးများသည် ညအမှောင် ကောင်းကင်တွင် ထင်ရှားစွာတောက်ပနေကြသည်။

သင့်ကိုယ်သင် တောက်ပထူးချွန်သောကြယ် ဟုယူဆပါသလား။ ကျော်ကြား ထင်ပေါ်မှုကို ကျွန်မပြောနေခြင်း မဟုတ်ပါ။ ပျက်စီးယိုယွင်းမှုနှင့် မကောင်းမှု၏ မှောင်မိုက်နောက်ခံကို ဆန့်ကျင်ရပ်တည်အသက်ရှင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ရှင်ပေါလုက ဖိလိပ္ပိအသင်းတော်ရှိယုံကြည်သူများအား "အသက်ရှင်ခြင်းနှင့် ဆိုင်သော (ဘုရားသခင်၏)နှုတ်ကပတ် တရားတော်"ကို စောင့်ထိန်းပြီး ညည်းညူ ငြင်းခုံခြင်းမပြုပါက ဘုရားရှင်သည် သူတို့၌သော်လည်းကောင်း၊ သူတို့မှတစ်ဆင့်သော်လည်းကောင်း ထွန်းလင်းလိမ့်မည်ဟု ပြောကြားခဲ့သည် (ဖိ ၂:၁၄-၁၆)။

အခြားယုံကြည်သူများနှင့် သင့်တင့်စည်းလုံးမှုနှင့် ဘုရားသခင်အပေါ် သစ္စာ ရှိမှုက ကျွန်ုပ်တို့ကို လောကသားများနှင့် ခြားနားစေသည်။ သို့သော် ထိုအရာများက အလိုအလျောက်ဖြစ်မလာပါ။ ဘုရားရှင်နှင့်ရင်းနှီးသော…

မပြည့်စုံသော အစီအစဉ်များ

ရပ်ကွက်၏ ပြည်သူပိုင်အဆောက်အအုံသစ်၏ အောက်ဆုံးထပ်ရှိ စာကြည့်တိုက်အခန်းတွင် ကျွန်ုပ် စာအုပ်ရှာဖွေနေစဉ် အပေါ်ထပ်မှ တစ်စုံတစ်ခုက ပြိုကျသလိုဖြစ်ပြီး အခန်းတုန်ခါသွားသည်။ မိနစ်အနည်းငယ်အကြာတွင် ထပ်ဖြစ်ပြန်သည်။ ထပ်ခါထပ်ခါဖြစ်သည်။ စာကြည့်တိုက်မှူးက စာကြည့်တိုက်၏အပေါ်ထပ်တွင် အလေးမလေ့ကျင့်ခန်းရုံ ဖွင့်ထား‌သဖြင့် အလေးပြားများပစ်ချတိုင်း ထိုသို့ ဖြစ်ရ ကြောင်း စိတ်မကြည်မသာနှင့် ရှင်းပြသည်။ ဗိသုကာပညာရှင်နှင့် အဆောက်အအုံဒီဇိုင်းနာများက ရှုထောင့်ပေါင်းစုံမှ ပြည့်စံဒစွာ စီစဉ်ခဲ့ပါလိမ့်မည်။သို့သော် စာကြည့်တိုက်ကို သင့်လျော်သည့်နေရာတွင်ထားရှိရန် မေ့သွားပံဒရပါသည်။

ထိုနည်းတူ ဘဝ၌လည်း ကျွန်ုပ်တို့၏အစီအစဉ် အကြံအစည်များသည်လည်း မပြည့်စုံပါ။ ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသောအရာများကို ကျွန်ုပ်တို့ သတိမမူမိပါ။ မတော်တဆမှု၊ ချွင်းချက်များကို ကျွန်ုပ်တို့မထည့်သွင်းပါ။ ကြိုတင် အစီအစဉ်ဆွဲထားခြင်းက ငွေကြေးပိုင်းအဆင်မပြေမှု၊ အချိန်အဆင်မပြေမှုနှင့် ကျန်းမာရေးပြဿနာစသည်တို့ကို ရှောင်နိုင်အောင် အထောက်အကူဖြစ်သည့် တိုင်၊ အဘက်ဘက်မှအသေးစိတ် အကောင်းဆုံးစီမံထားသည့်တိုင် ဘဝတွင် ကြုံဆုံလာနိုင်သော အခက်အခဲအားလုံးကို မဖြေရှင်းပေးနိုင်။ အပြစ်သို့ ကျဆင်း ပြီးသား…